LIFE STYLE

မောင်ပြန်လာတဲ့တနေ့ကျရင်တော့မိသားစုကအရင်လိုပြန်မဖြစ်နိုင်တော့့ဘူး

Written by Chanlay2028

KTVက ကောင်မလေးတွေသီချင်းဆိုသံကကျွန်မမောင့်ရင်သွေးလေးကိုချော့သိပ်တဲ့သားချော့တေးအသံထက်နားထောင်လို့ကောင်းနေပြီဆိုရင်

ရုံးကအတွင်းရေးမှူးမလေးဖျော်တိုက်တဲ့ကော်ဖီတစ်ခွက်က
ကျွန်မနေ့စဉ်ပြင်ပေးတဲ့ထမင်းဝိုင်းထက်ပိုစားကောင်းသောက်ကောင်းမယ်ထင်ရင်

အိမ်ထောင်ရဲ့အိမ်တွင်းရေးတာဝန်ကိုအချိန်ပြည့်ယူနေရတဲ့ကျွန်မရဲ့ပါးကသနပ်ခါးကကျော့ကျော့လေးနေရတဲ့စားသောက်ဆိုင်ကမိန်းမတွေရဲ့မိတ်ကပ်နံ့လောက်မမွှေးတော့ဖူးထင်ရင်

ရင်သွေးလေးတွေနဲ့သံယောဇဉ်ကြိုးတွေရစ်ပတ်ချည်နှောင်ထားတဲ့မိသားစုသံယောဇဉ်ကြိုးလေး

ကျွန်မရဲ့မောင်လို့ခေါ်သံသားသားမီးမီးတို့ရဲ့ ဖေဖေခေါ်သံက
မောင့်ကောင်မလေးရဲ့ဦးလို့ခေါ်သံလောက်မှမဆွဲဆောင်န်ုင်တော့ဖူးထင်ရင်

ထားခဲ့ပါမောင်

ပျော်သလိုထွက်သွားလိုက်ပါ

ဒါပေမယ့်
မောင်ပြန်လာတဲ့တနေ့ကျရင်တော့မိသားစုကအရင်လိုပြန်မဖြစ်နိုင်တော့့ဖူး၁၀နှစ်၁၀မိုးတည်ထောင်ခဲ့တဲ့အေးတူပူမျှဖြတ်သန်းခဲ့တဲ့ကျွန်မတို့ရဲ့မိသားစုလေးမောင့်ရဲ့တစ်ခဏပျော်ရွှင်မှူကြောင့်မပျက်စီးပါစေနဲ့

credit _ Original writer

About the author

Chanlay2028

%d bloggers like this: