CELEBRITY

သရုပ်ဆောင်အလုပ်က ခက်ခဲ ပါတယ် ~ Mary

Written by Chanlay2028

Huawei Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံရတဲ့ Mary က”ညီမ အခုကျောင်းတက် ဖို့ ပြန်ပါမယ်။ ဒီဇင်ဘာ ၂၃ရက်နေ့ မြန်မာနိုင်ငံကို ပြန်လာပါမယ်။

ဒီဇင် ဘာလထဲမှာ မြန်မာနိုင်ငံမှာ Show ဆိုဖို့လည်း ရှိပါတယ်။ ညီမရဲ့ အခွေ ကတော့ ကျောင်းပြီးလို့ ဘွဲ့ယူပြီးမှ ထုတ်မှာဆိုတော့ မိုးတွင်းလောက်မှ ထုတ်ဖြစ်မယ်ထင်ပါတယ်။ အခု လက်ရှိကတော့ သီချင်းတွေစုနေ တုန်းပဲ ရှိပါသေးတယ်။ သီချင်းက တော့ ခြောက်ပုဒ်လောက်ပဲ ထည့် မယ်လို့ စဉ်းစားထားပါတယ်။

အခွေ မထွက်ခင်ကြားထဲမှာလည်း Cover Song လေးတွေ လုပ်ဖို့ ရှိပါတယ်။ပရိသတ်တွေအတွက် သီချင်းတွေ အများကြီးပေးသွားဖို့ ကြိုးစားနေ ပါတယ်။ သရုပ်ဆောင်လုပ်ဖို့ အစီ အစဉ်ရှိလားဆိုတော့ အခုတော့ အစီအစဉ်မရှိသေးပါဘူး။

နောက် ပိုင်းတော့ ဘယ်လိုရှိမလဲ မသိသေး ပါဘူး။ သရုပ်ဆောင် အလုပ်က စိတ်မဝင်စားဘူးရယ်တော့မဟုတ် ပါဘူး။ သရုပ်ဆောင် အလုပ်က ခက်ခဲပါတယ်။ အရမ်းတော့ ဝါ သနာမပါပါဘူး။ အခုထိတော့ သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းထား တာ တော့မရှိသေးပါဘူး”ဆိုတဲ့ သတင်းကို သတင်းထောက် သန္တာဖြိုးက တင်ဆက်ထားပါတယ်။

Via : Yangon Media

About the author

Chanlay2028

Leave a Comment

%d bloggers like this: