CELEBRITY

အမေရိကန် ဂီတဆုပေးပွဲတွင် ဆလီနာဂိုးမက်ဇ် ဖျော်ဖြေမည်

Written by Chanlay2028

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၇

အဆိုတော် ဆလီနာဂိုးမက်ဇ်သည် ယခုနှစ်အစောပိုင်းတွင် ကျောက်ကပ်အစားထိုးကုသမှုခံယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လာမည့်လတွင် ကျင်းပမည့် ၂ဝ၁၇ ခုနှစ်အတွက် အမေရိကန်ဂီတဆုပေးပွဲတွင် ဖျော်ဖြေမည်ဟုသိရသည်။ အသက် (၂၅)နှစ်အရွယ် ပေါ့ပ်အဆိုတော် ဆလီနာက လွန်ခဲ့သော နှစ်နှစ်တွင် အရေပြားရောင်ရမ်းသည့်ဝေဒနာကို ခံစားခဲ့ရပြီးနောက် ပရိသတ်မြင်ကွင်းမှ အချိန်အတန်ကြာ ပျောက်ကွယ် နေရသည့် အကြောင်းရင်းသည် ၎င်း၏ အရင်းနှီးဆုံးသူငယ်ချင်း ဖရန်စီယာရိုင်ဆာက ၎င်းကို ကျောက် ကပ်လှူဒါန်းခဲ့သောကြောင့်ဖြစ်ကြောင်း ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် ၎င်းသည် အမေရိကန်ဂီတဆုပေးပွဲတွင် ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တို့တွင် ဖျော်ဖြေ ခဲ့ဖူးပြီး ၂ဝ၁၆ ခုနှစ်တွင် အကောင်းဆုံး ပေါ့ပ်၊ ရော့ခ်ဆုကိုရှိခဲ့သည့်အတွက် ယင်းစင်မြင့်သည် ဆလီနာအတွက် ဘူမိနက်သန်မြေတစ်ခုလည်းဖြစ်သည်။ လော့စ်အိန်ဂျလိစ်မြို့တွင် နိုဝင်ဘာ ၁၉ ရက်၌ပြုလုပ်မည့် ယင်းဆုပေးပွဲအခမ်းအနားတွင် အီလက်ထရွန်နစ်ဂီတအဖွဲ့ Marshmello နှင့်တွဲဖက်ကာ “Wolves” အမည်ရှိ တေးသီချင်းကို ပွဲဦးထွက်ဖျော်ဖြေရန် စီစဉ်ထားသည်။

အခြားသတင်းတစ်ပုဒ်တွင် ဆလီနာသည် ခွဲစိတ်ကုသမှုမှ ပြန်လည်သက်သာခဲ့ပြီးနောက် ရည်းစားဟောင်း ဂျက်စတင်ဘီဘာက ၎င်းအိမ်သို့ ယခုသီတင်းပတ်အတွင်း လာရောက်လည် ပတ်ခဲ့သည်ကို သိရှိခဲ့ရသည်။ အတွင်းသတင်းအရင်းအမြစ်တစ်ခုက ”ဆလီနာဟာ သူ နေမ ကောင်းဖြစ်ပြီးနောက် ဂျက်စတင်ဘီဘာနဲ့ ငြိမ်းချမ်းရေးအရယူဖို့ ကြိုးစားနေပါတယ်။ ဂျက်စတင်က ခွဲစိတ်ကုသမှု ခံယူနေစဉ်ကတည်းက သူနဲ့ ပြန်အဆင်ပြေနေခဲ့တာဖြစ်ပြီး အခုတော့ တော် တော်လေးကို ဆက်ဆံရေးကောင်းလာကြပါပြီ။ မကြာသေးခင်တုန်းကပဲ သူတို့ဟာ သူငယ်ချင်း တွေကနေတစ်ဆင့် ပြန်လည်ဆက်သွယ်ခဲ့မိကြပြီ”ဟု ပြောဆိုခဲ့သည်။

Ref: contactmusic

About the author

Chanlay2028

Leave a Comment

%d bloggers like this: