CELEBRITY

Troll ကြသူတွေကို အပြုံးမပျက်တုံ့ပြန်လိုက်တဲ့ ဥက္ကာမင်းမောင်

Written by Chanlay2028

အဆိုတော်၊မော်ဒယ်၊Mister ၊မင်းသား ဥက္ကာမင်းမောင်ကတော့ လက်တလော မှာ “မရဲ့ အေးခဲသွားကြသူများ” ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးနေပါတယ်။ပြီး ခဲ့ တဲ့ ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း ပုံရိ ပ်တွေ ပျံ့လာခဲ့ပါတယ်။ပျံ့လာတဲ့ ပုံတွေကတော့ အိပ်ယာပေါ်က ဇာတ်ဝင်ခန်း တစ်ချို့ပါ။body အရမ်းမိုက်တဲ့ သူဖြစ်တာကြောင့် ဇာတ်ဝင်ခန်း ပုံရိပ် တွေက အရမ်းကိုsexy ကျနေခဲ့တာကို တွေ့ရပါတယ်။

ဒီပုံတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုကြ၊Troll ကြတာ တွေ ရှိလာခဲ့ပါတယ်။ ဥက္ကာမင်းမောင်ကတော့ Troll ထားတဲ့ ပုံတွေကို သူ့ရဲ့ fb ပေါ်မှာ ပြန်ရှယ် ထားပြီး troll ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြော ထားပါတယ်။

အောက်တိုဘာ(၂၂)ရက်နေ့မှာတော့ ဥက္ကာမင်းမောင်က သူ့ရဲ့fb ပေါ်မှာ ..

“ခုရိုက်နေတဲ့ ရုပ်ရှင်က အင်္ကျီဖိုးသက်သာထှာ… သရုပ်ဆောင်ရတဲ့ အခန်းေ တွရဲ့ တဝက်လောက်က အင်္ကျီကိုမပါတာ… ဟက်ဟက်ဟက်… ” ဆိုပြီး feeling ဗလာကျင်းဆိုပြီး တင်ထားပါတယ်။

“မရဲ့ အေးခဲသွားကြသူများ” ဇာတ်ကားရဲ့ သရုပ်ဆောင်တွေကတော့ အောင် မင်းခန့်၊ ဥက္ကာမင်းမောင်၊ ထူးအောင်၊ ကောင်းစစ်သွေးနဲ့ မင်းသမီးကတော့ ချောကလျာပါ။ဒီကားမှာတော့ ဥက္ကာမင်းမောင်က “မင်းသိုက်” ဆိုတဲ့ ယုတ်မာတဲ့ ဗီလိန်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဥက္ကာမင်းမောင်၊myanmar celebrity ‘s fb

About the author

Chanlay2028

Leave a Comment

%d bloggers like this: