ALL NEWS

ဘင်္ဂလားဒေ့ရှ်ရောက် ထွက်ပြေးဟိန္ဒူ ၅ဝဝ ကျော်ကို အရင်ဆုံးလက်ခံရန် လျာထား

Written by Chanlay2028

ရန်ကုန်၊ နိုဝင်ဘာ ၃- ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ ကြောင့် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားသူများထဲမှ ဟိန္ဒူလူမျိုး ၅ဝဝ ကျော်ကို အရင်ဆုံးပြန်လည်လက်ခံ ရန်လျာထားကြောင်း သိရသည်။

လက်ရှိတွင် ပြန်လည်လက်ခံမည့် ရက်ကိုမူ မပြောနိုင်သေးကြောင်း၊ သို့ သော် ပြန်လည်လက်ခံပြီးသူများ နေရာချထားရေးအတွက် အမှန်တကယ် နေထိုင်ခဲ့သည့် ရွာသားများဟုတ်၊ မဟုတ် သေချာစိစစ်၍ မူလကျေးရွာ များတွင်ပင် ပြန်လည်နေရာချထားပေး ရန်လျာထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က နိုဝင်ဘာ ၃ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

”ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့သူတွေထဲကမှ ပထမဆုံး လူ ၅ဝဝ လောက်ကို ပြန်လည်လက်ခံမယ်ဆိုတာက တရားဝင်တော့ ကျွန်တော်လည်း မသိသေးဘူး။ သိရသလောက်ကတော့ အဲ့ဒီ ၅ဝဝကျော် ဆိုတာကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားတဲ့ဟိန္ဒူ တွေလို့သိရတယ်။ သို့ပေမယ့် ပြန်ခေါ်မယ့်ရက်ကိုလည်း မပြောနိုင်သေးဘူး။ လဝကတို့က စစ်မှာပေါ့။ ခေါ်ပြီးတဲ့ သူတွေနေရာချထားရေးအတွက်က တော့ အခုပြင်ဆင်နေတယ်၊ သူတို့ ရွာတွေရှိပါတယ်။ သူတို့ရဲ့မူလနေရာ တွေကိုပဲပြန်လည်စိစစ်ပြီး လုံခြုံရေး အပိုင်းရော သေချာစိစစ်ပြီးထားမှာ ပေါ့။ လဝကကလည်း ရွာသားတွေ အမှန် တကယ်ဟုတ်၊ မဟုတ် ဘယ်ရွာကလည်း သေချာစစ်ဆေးမှာပေါ့၊

ကျွန်တော်တို့ သိသလောက်တော့ ရွာလေး၊ ငါးရွာရှိတယ်လေ။ အဲ့ဒါကို သေချာစစ်ဆေး ပြီးမှ လက်ခံမှာပေါ့။ အခုကျွန် တော်ကြားတာကတော့ ၅ဝဝ ကျော်ရှိတယ်။ ဟိန္ဒူတွေလို့ သိရတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုး အောင်က ပြောသည်။

ပြန်လည်လက်ခံရာတွင် လဝကဘက်မှ သက်သေအထောက်အ ထားအချက်အလက်များကို သေချာ စွာစစ်ဆေးပြီးမှသာ ပြန်လည်လက်ခံမည်ဖြစ်သလို ရခိုင်ပြည်နယ် ဘူး သီးတောင်၊ မောင်တောတို့တွင် အမှန်တကယ် နေထိုင်သူဟုတ်၊ မဟုတ်၊ NVC ကတ် (နိုင်ငံသား စိ စစ်ခံရမည့်သူ၏ သက်သေခံကတ် ပြား)များကို ကိုင်ဆောင်သူ ဟုတ်၊ မဟုတ် စသည့်အချက်အလက်များ ဖြင့် တိုင်ဆိုင်စစ်ဆေးပြီးမှသာ စိစစ် လက်ခံမည်ဖြစ်ပြီး တောင်ပြိုလက် ဝဲနှင့် ငခူရစခန်းနှစ်ခုတွင် နိုင်ငံ သားစိစစ်မှုများကို ပြုလုပ်သွားရန် လျာထားကြောင်း သိရသည်။

ပြန်လည်လက်ခံနိုင်ရေးအ တွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနေသလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအဖွဲ့သည် မောင်တောခရိုင် ပန်းတောပြင်၊ ခုံတိုင်(မြို)ရွာသစ်၊ တောင်ပြိုလက်ဝဲ၊ ကျီးကန်းပြင်ဒေသ များနှင့် စစ်တွေသို့ နိုဝင်ဘာ ၃ရက် က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

Via : DemocracyToday

About the author

Chanlay2028

Leave a Comment

%d bloggers like this: