ALL NEWS

ဆယ်နှစ်တာအတွင်း တရုတ်သို့ မြန်မာအမျိုးသမီး ၉ဝဝ ကျော်လူကုန်ကူးခံရ

Written by Chanlay2028

ရန်ကုန်၊ နိုဝင်ဘာ၃-ဆယ်နှစ် တာ ကာလအတွင်း တရုတ်နိုင်ငံသို့ မြန်မာအမျိုးသမီးကိုးရာကျော်မျှ လူကုန်ကူးခံရပြီး အများဆုံးမှာ တရုတ်မယားအဖြစ် လူကုန်ကူးခံ ရခြင်းဖြစ်ကြောင်း သိရသည်။

ယခု ၂ဝ၁၇ ခုနှစ်ဇန်နဝါရီမှ အောက်တိုဘာအထိ ၁ဝ လတာ အတွင်းတွင်လည်း တရုတ်မယားအဖြစ် လူကုန်ကူးခံရမှုသာ အမြင့်ဆုံး ဖြစ်နေပြီးအများစုသည် ရှမ်း ပြည်နယ်ဘက်မှဖြစ်ကြောင်း သိရသည်။

”မြန်မာမှာက အဆင်မပြေတဲ့ သူတွေများတော့ လူပွဲစားတွေ အ တွက်အခွင့်အရေးပဲ။ ရှမ်းပြည်နယ် က တရုတ်နဲ့နယ်စပ်ကပ်လျက်ရှိ တဲ့အတွက် တရုတ်ကိုလွယ်လွယ်နဲ့ အပို့ခံရတယ်။ မြန်မာတင်မကဘဲနဲ့ တခြားနိုင်ငံတွေနဲ့တင်လည်း တရုတ် ကဒီပြဿနာတွေရှိတယ်။ နောက်ပြီး တော့ ကိုယ့်မြန်မာနိုင်ငံက အမျိုး သမီးကလေးတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့်မိုလို့ ဒါတွေ ကရပ်တန့်ဖို့ခက်နေတာ”ဟု လူကုန် တားရဲတပ်ဖွဲ့မှရဲမှူး တစ်ဦးကဆို သည်။

၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၆ အထိ ဆယ်နှစ်တာ ကာလအတွင်း တရုတ် နိုင်ငံသို့ ၉၄၃ ဦး၊ ထိုင်းနိုင်ငံသို့ ၁၅၇ ဦး၊ မလေးရှားနိုင်ငံသို့ ၃ဝ နှင့် စင်ကာပူ၊ အင်ဒို၊ ကာတာစ သည့်နိုင်ငံများသို့တစ်ဦးစီ လူကုန် ကူးခံရကာ ပြည်တွင်း၌ ၁၉၇ ဦး လူကုန်ကူးခံရကြောင်း အများဆုံး မှာတရုတ်နိုင်ငံသို့ မြန်မာအမျိုးသမီးများလူကုန်ကူးခံရခြင်းဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏စာရင်းအရသိရသည်။

၁ဝ နှစ်တာကာလအတွင်း လူကုန်ကူးခံရမှုပေါင်း ၁၃၃၉ မှု အထိ ဖြစ်ပွားခဲ့ပြီးလူကုန်ကူးခံရသူ ဦးရေမှာ အသက်အရွယ်အပိုင်း အခြားအရလူကြီး ၁၁၇၄ ဦး၊ လူ ငယ်ပိုင်း ၁၄၈ ဦးနှင့် ကလေး ၁၈၈ ဦး၊ စုစုပေါင်း ၁၅၁ဝ ဦးတို့ဖြစ် ကြောင်း၊ ယခု၂ဝ၁၇ ခုနှစ် ၁ဝ လ တာကာလအတွင်းလူကုန်ကူးမှု ပေါင်း ၁၈၈ မှုထိ ဖြစ်ပွားခဲ့သည်။

”အထိုက်လျောက်တားဆီး နိုင်တယ်လို့ ယူဆရပေမယ့်လည်း အခုနောက်ပိုင်းတွေ့ရတာက သိ လျက်နဲ့ ကိုယ်တိုင်ဆန္ဒတွေပါတာလည်းတွေ့နေရတယ်။ ဒီပြဿနာ မှာက စားဝတ်နေရေးအခက်အခဲ ပေါ်မှာအခြေခံတာကို တွေ့ရတယ်။ တချို့မိန်းကလေးတွေကျတော့လည်း ပြည်တွင်းမှာတင် ဘဝရပ်တည်ဖို့ ခက်ခဲတဲ့အတွက် ပြည့်တန်ဆာလုပ် ကြတာတွေရှိတယ်။ အဲဒီမှာမှ တရုတ်နိုင်ငံသားတွေရဲ့ ငွေကြေး မက်လုံးအပေါ်မှာ သဘောတူညီပြီး တော့ လိုက်သွားတာမျိုးတွေလည်း ရှိတယ်”ဟု ¤င်းရဲမှူးက ဆက်လက်ပြောသည်။

About the author

Chanlay2028

Leave a Comment

%d bloggers like this: