ALL NEWS

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အားထောက်ခံပွဲ ဗန်းမော်မြို့၌ ကျင်းပ

Written by Chanlay2028

အဆိုပါဝင်းအတွင်း၌ ထောက် ခံပွဲကျင်းပရန် လူအင်အားနှစ်ထောင် ခန့်စုရုံးပြီး နာရီစင်လမ်း-ကမ်းနား လမ်း-အမှတ်(၁)ဈေးလမ်း-အမှတ် (၂)ဈေးလမ်းအတိုင်း မြို့တွင်းစီ တန်းလှည့်လည်ကာ”ပြည်ထောင် စုကြီးအေးချမ်းဖို့ အမေစုကိုထောက် ခံစို့” “ဖက်ဒရယ်ပြည်ထောင်စု အောင်မြင်ဖို့ အမေစုကိုဝန်းရံစို့”” “”တိုင်းရင်းသားအပေါင်းညီညွတ် ရေးအမေစုကိုဝန်းရံပေး” စသည့်ြွေကးကြော်သံများဖြင့် စုပေါင်းလမ်း လျှောက်ခဲ့ကြသည်။

မိမိအသက်အရွယ်ကိုပင် မထောက်ထားအား လူထုအားကို ယုံကြည်ကိုးစားလျက် ပြည်ထောင် စုမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာ ယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် အားသွန်ခွန်စိုက် ဦးဆောင်ကြိုးပမ်းဆောင်ရွက်နေ သော တိုင်းပြည်ခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အစဉ် အမြဲမပျက်မကွက် ဝန်းရံထောက် ခံနေကြပါစို့လို့“ဟု ထောက်ခံပွဲ တွင် ကချင်တိုင်းရင်းသား ဦးနန်း ဇိန်းကန်ဖန်က ထောက်ခံအဆို တင်သွင်းပြီး ရှမ်းတိုင်းရင်းသား ဦးစိုင်းဖိုးလင်းကပြည်သူတစ် ရပ်လုံးရဲ့ လိုအပ်ချက်ဖြစ်တဲ့ ဒီမို ကရေစီစနစ်ကိုအခြေခံတဲ့ ဖွံ့ဖြိုး တိုးတက်သည့်ဖယ်ဒရယ်ပြည် ထောင်စု မြန်မာနိုင်ငံတော်သစ် ဆီရောက်ဖို့ ဦးဆောင်သူ လျှောက် လှမ်းရတဲ့လမ်းဟာ ပန်းခင်းလမ်း မဟုတ်ပါဘူး။ ဆူးခင်းလမ်းပေါ်မှာ ဖိနပ်မပါ ခြေဗလာနဲ့အားခဲလျှောက် လှမ်းရဦးမှာဖြစ်ပါတယ်။ လူထု ခေါင်းဆောင်ခြေလှမ်းမပျက် လျှောက်လှမ်းနိုင်အောင် ကျွန် တော်တို့ ငြိမ်းချမ်းရေးလိုလားကြ သူတိုင်းက တစ်ခဲနက်ထောက်ခံ ဝန်းရံကြရမှာဖြစ်ပါတယ်””ဟု အဆိုကို ထောက်ခံသွားသည်။

aထာက်ခံပွဲအခမ်းအနားတွင်အစီအစဉ်အရ ပြည်ထောင်စုမြန် မာနိုင်ငံတော်အလံအား အလေးပြု ခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း၊ ကချင်တိုင်းရင်းသား ဦးနန်းဇီန်းကန်ဖန်က ထောက်ခံ ကြောင်းအဆို တင်သွင်းပြီး ရှမ်းတိုင်းရင်းသား ဦးစိုင်းဖိုးလင်းက တင်သွင်းအဆိုကို ထောက်ခံကြောင်းပြောကြားခဲ့ကာ ဇာတိမာန်၊ ပြန်လည်ထူထောင်ရေး၊ မြန်မာ့ြွေကးကြော်သံနှင့် မနော မြေမှတေးသံသာ တေးသီချင်းများ ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

About the author

Chanlay2028

Leave a Comment

%d bloggers like this: