ALL NEWS

ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ဆက်သွယ်မည့် ကမ်းခြေပတ်လမ်း ဖောက်လုပ်မည်

Written by Chanlay2028

စစ်တွေ၊ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်သို့ဆက်သွယ်မည့် ကမ်း ခြေပတ်လမ်းဖောက်လုပ်ရန် နှစ်ဖက်အစိုးရ ညှိနှိုင်းသဘောတူထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားလိုက်သည်။ ”ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေနဲ့ ရခိုင်ပြည်နယ်ကမ်းခြေဟာ အရှည်ဆုံးပဲ။ တို့ဧရာဝတီ တိုင်းရှည်တာခဏထား။ ငွေဆောင်တို့၊ ချောင်းသာတို့၊ ရွှေသောင်ယံတို့၊ ဒီဘက်က ဂွအထိပေါ့။ အဲဒီဟာကို Costal Road ကမ်းပတ်လမ်းကြီးဖောက်ဖို့ ရခိုင်ပြည်နယ် အစိုးရနဲ့တို့ ရခိုင်ပြည်နယ်အစိုးရနဲ့ တို့ဧရာဝတီတိုင်းဒေသကြီးအစိုး ရနဲ့ညှိနှိုင်းထားပြီးပြီ။ သူတို့ကလည်းသဘောတူတယ်”ဟု ဦးမန်း ဂျော်နီက အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ အစိုးရဧည့်ဂေဟာ၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကမ်းခြေပတ်လမ်းဖောက်လုပ်နိုင်ရန်အတွက် လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြောဆိုထားပြီဖြစ်ပြီး အမြန်ဆုံးဖောက်လုပ်နိုင်ရန် စီစဉ်နေကြောင်းသိရသည်။ ”အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ကတိုက်တွန်းနေတယ်။ ဘာလို့လဲဆိုတော့ ဒီအရေးဟာ နည်းနည်းအရေး ကြီးလာပြီလေ”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီက ပြောကြားသည်။ အဆိုပါကမ်းခြေပတ်လမ်းကိုဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ဒေသကမ်းခြေသို့ ခိုးဝင်ဘင်္ဂါလီများဝင် ရောက်မှုကို တားဆီးနိုင်စေရန်အတွက် ရည်ရွယ်ဖောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

About the author

Chanlay2028

Leave a Comment

%d bloggers like this: