ALL NEWS AMAZING THINGS

စစ်သား စစ်သား

Written by Chanlay2028

ရွာထဲစစ်ကြောင်းဝင်လာတော့
ရွာသူရွာသားတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်
မိန်းမတဦးက ထမိန်တိုတိုလုံးပြီး
ရွာလမ်းအတိုင်း စစ်သားတွေ ဝင်လာပြိ
စစ်သားတွေ ဝင်လာပြီးဆိုပြီး အော်ပါလေယော

ရှေ့ဆုံးကချီတက်လာတဲ့ ရွှေဘ ခြေလှမ်း
တွန့်သွားတယ် နောက်ကရဲဘော်တွေ
ပြန်ကြည့်တော့လဲ မျက်နှာပျက်နေတယ်
ဒါမဲ့ဟန်ကိုဖိုဆိုတဲ့အတိုင်း အိနြေမပျက်
ဆက်လျှောက်ရတာပေါ့

ခုနမိန်းမအော်လဲပီးယော ရွာသူရွာသားတွေ
အလျှို အလျှိုနဲ့ထွက်လာကြတယ်
လက်ထဲမှာလဲ လုပ်လက်စလုပ်ငန်းက
လက်နက်တွေကိုင်လိုပေါ့

တနေရာအရောက် ဈေးဆိုင်လေးရှေ့မှာ
ခုနအော်ပြေးတဲ့ မိန်းမနဲ့အတူ အခြားလူအုပ်လဲ
တွေ့ရတယ် တာဝန်အရ ရှေ့သာတက်နေရတာ
ခြေလှမ်းကတော့ခပ်ရွံ့ရွံ့

သူတို့အနားရောက်တော့ ရှေ့ကပိတ်ရပ်တယ်
ကျွတ်ကျွတ်အိပ်အကြည်နဲ့ထုပ်ထားတဲ့အထုပ်
တထုပ်ရှေ့ဆုံးကရွှေဘကြီးကိုပေးတယ်
ရွှေဘကြီးအထုပ်ကိုကြည့်လိုက်တော့
ဇီးထန်းလျှက် ဆေးလိပ် ရှူးးရှဲလဘက်ထုပ်လေးနဲ့
မီးခြစ်တလုံးကိုတွေရတယ်
“တော်တို့လာမယ်ဆိုတာသိရင် ဖွယ်ဖွယ်ရာရာ
လုပ်ထားပါတယ်တော် ခုတော့ ရှိတာလေးပဲ
ပေးလိုက်ရတာ စိတ်မကောင်းဘူးတဲ့”

တခြားရွာသူရွာသားတွေကလဲအနောက်က
ရွှေဘတွေကို ခေါက်ဆွဲခြောက် မုန့်ခြောက်
ခြင်ဆေးခွေ ဆေးလိပ်စသဖြင့်သူတို့နိုင်ရာနိုင်ရာ
လေးတွေ ပေးနေကြတာတွေ့ရတယ်
တချို့ကလဲ ရေ ဖျော်ရည်ဘူး စသဖြင့်ပေါ့

ဒီတော့မှ ရွှေဘကြီးတွေ သက်ပြင်းရှည်ကြီး
ချပြီး ပြုံးနိုင်တော့တယ်
“ကောင်းလိုက်တဲ့ ဖျော်ရည် ဗျာ ရင်ထဲအေးနေတာ”

Credit to Original writer…

About the author

Chanlay2028

Leave a Comment

%d bloggers like this: